ပုဒ်မ ၁၇
ပုဒ်မ ၁၇
ဥပဒေစိုးမိုးရေးအဖွဲ့အစည်း၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ

ဥပဒေစိုးမိုးရေးအဖွဲ့အစည်းသည်-

(က) ငွေကြေးခဝါချမှုနှင့်သက်ဆိုင်သော ပြစ်မှုများအား စုံစမ်းစစ်ဆေးချိန်တွင် မူလမှုအတွက် ပြစ်မှု ကျူးလွန်သူများ၏ ကွန်ရက်များကိုဖြစ်စေ၊ ပြစ်မှုကျူးလွန်မှု၏ အတိုင်းအဆပမာဏကိုဖြစ်စေ အတည်ပြု ဖော်ထုတ်ခြင်း၊ ပြစ်မှုကျူးလွန်ရာမှရရှိသည့် ငွေကြေးနှင့်ပစ္စည်းများကို စုံစမ်းဖော်ထုတ်ခြင်း၊ ထိန်းချုပ်ခြင်း ဆောင်ရွက်ချိန်တွင် ဤဥပဒေအရလည်း ငွေကြေးဆိုင်ရာစုံစမ်းစစ်ဆေးခြင်းကို တစ်ပြိုင်တည်းဆောင်ရွက် ရမည်။

(ခ) ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်သော်လည်း သက်သေခံငွေကြေး သို့မဟုတ် ပစ္စည်းအား သိမ်းဆည်း နိုင်ခြင်းမရှိပါက သက်သေခံငွေကြေး သို့မဟုတ် ပစ္စည်းနှင့် တန်ဖိုးတူပစ္စည်းများကို စုံစမ်းဖော်ထုတ်နိုင်ရေး ဆောင်ရွက်ရမည်။