ပုဒ်မ ၆
ပုဒ်မ ၆
ဗဟိုအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ယင်းအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

ပြည်ထောင်စုအစိုးရအဖွဲ့သည်-

(က) ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ သက်ဆိုင်ရာအစိုးရဌာန သို့မဟုတ် အစိုးရအဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့်သင့်လျော်သော နိုင်ငံသားများက အဖွဲ့ဝင်များအဖြစ် လည်းကောင်း ပါဝင်စေလျက် ဗဟိုအဖွဲ့ကို ဖွဲ့စည်းရမည်။

(ခ) ပုဒ်မခွဲ(က)အရဖွဲ့စည်းရာတွင် လိုအပ်ပါက အဖွဲ့ဝင်များအနက်မှ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့ကို ထည့်သွင်းဖွဲ့စည်းနိုင်သည်။

(ဂ) ပုဒ်မခွဲ (က) နှင့် (ခ) တို့အရ ဖွဲ့စည်းသည့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကို လိုအပ်ပါက သတ်မှတ်ချက်နှင့်အညီ ပြင်ဆင်ဖွဲ့စည်းနိုင်သည်။