ပုဒ်မ ၂၉၆
ပုဒ်မ ၂၉၆
ဘာသာရေးဆိုင်ရာ အစုအဝေးကို နှောင့်ယှက်ခြင်း

ဥပဒေနှင့်အညီ ဘာသာရေးဆိုင်ရာ ကိုးကွယ်ဝတ်ပြုခြင်းပြုနေသော သို့မဟုတ် ဘာသာရေးဆိုင်ရာ အခမ်းအနားကို ကျင်းပနေသော အစုအဝေးတစ်ခုခုအား မည်သူမဆို မိမိအလိုအလျောက် အနှောင့် အယှက်ဖြစ်စေလျှင် ထိုသူကို တစ်နှစ်ထိထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် သမ္မာန်စာကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ
  5. မည်သည့်တရားသူကြီးမဆို  စစ်ဆေးနိုင်သည်။