ပုဒ်မ ၁၄
ပုဒ်မ ၁၄
လိုင်စင်

က) ဗဟိုဘဏ်သည် ဘဏ်၏ကွဲပြားသော လုပ်ငန်းအတွက်ဖြစ်စေ၊ မတူညီသော အတန်းအစား၊ အမျိုးအစားများအတွက် ဖြစ်စေ ကွဲပြားသော လိုင်စင်ကြေးများကို သတ်မှတ်ထားရှိရမည်။

(ခ) လိုင်စင်ရရှိသော ဘဏ်များသည် လိုင်စင်ထုတ်ပေးသည့်နေ့၏ နှစ်ပတ်လည်နေ့မတိုင်မီ တစ်လ ထက် နောက်မကျစေဘဲ အောက်ပါတို့ကို ပေးဆောင်ရမည်-

(၁) လိုင်စင်ရရှိသည့်အခါ လိုင်စင်ကြေး၊

(၂) အဓိကလုပ်ငန်း လုပ်ဆောင်သည့်နေရာရှိ ရုံးချုပ်အပြင် နိုင်ငံတော်အတွင်းတွင် ရုံးတစ်ခုခု ဖွင့်လှစ် ခြင်း အတွက်အခကြေးငွေ၊

(၃) အဓိကလုပ်ငန်း လုပ်ဆောင်ရာနေရာရှိ ရုံးချုပ်အပါအဝင် ရုံးအသီးသီးအတွက် ထုတ်ပေးသော လိုင်စင်အတွက် နှစ်စဉ်ကြေး။