ကလေးသူငယ်မှုခင်းကို ကြားနာစစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ ကလေးသူငယ်တရားရုံးသည်-
(က) စစ်ဆေးဆဲအမှု မည်သည့်အခြေအနေသို့ ရောက်ရှိနေစေကာမှု ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲ ခံရသော ကလေးသူငယ်အား ကလေးသူငယ်တရားရုံးသို့လာရောက်ရန် မလိုဟု ယူဆလျှင် ရုံးရှေ့သို့ မလာရောက်စေဘဲ ယင်း၏ မျက်ကွယ်တွင်အမှုကို ဆက်လက်စစ်ဆေးနိုင်သည်။
(ခ) ကလေးသူငယ်၏ အကောင်းဆုံးအကျိုးစီးပွားများကို ဖြစ်ထွန်းနိုင်သည့်ကိစ္စတွင် သတင်း အချက်အလက်ရယူခွင့်ပေးခြင်းမှအပ ကလေးသူငယ်မှုခင်း သတင်းအချက်အလက်များကို သတင်းစာ များ၊ မဂ္ဂဇင်းများ၊ ဂျာနယ်များ၊ စာစောင်များ၊ အီလက်ထရောနစ်နည်းပညာကို အသုံးပြု၍ အင်တာနက် စာမျက်နှာနှင့် လူမှုကွန်ယက်များတွင် ကလေးသူငယ်ညစ်ညမ်းပုံ ပြုလုပ်ဖြန့်ဖြူးခြင်းနှင့် ရေဒီယို၊ ရုပ်မြင်သံကြားတစ်ခုခုတွင် ဖြန့်ချိခြင်း၊ ထုတ်လွှင့်ခြင်းမပြုနိုင်ရန်နှင့် သတင်းမီဒီယာသမားအား တရားခွင်အတွင်း ဝင်ရောက်ခြင်း ခွင့်မပြုရ။
(ဂ) ကလေးသူငယ်ကြီးကြပ်သူအစီရင်ခံစာကို သတ်မှတ်ချက်များနှင့်အညီ တင်သွင်းရန် သက်ဆိုင်ရာ လူမှုဝန်ထမ်းရုံးသို့ အကြောင်းကြားရမည်။