မည်သူမဆို မီးပြတိုက်ကိုဖြစ်စေ၊ ပင်လယ်အမှတ်အသားအဖြစ် အသုံးပြုသော အခြားမီးပြတိုက်ကို ဖြစ်စေ၊ ပင်လယ်အမှတ်အသားကိုဖြစ်စေ၊ ရေကြောင်းပြဗော်ယာကိုဖြစ်စေ၊ ရေကြောင်းသွားလာသူတို့ အတွက် လမ်းပြအဖြစ်ချထားသော အခြားအရာကိုဖြစ်စေ ဖျက်ဆီးခြင်းဖြင့် သို့မဟုတ် ရွှေ့စေခြင်းဖြင့် သော်လည်းကောင်း၊ အထက်တွင်ဆိုခဲ့သော မီးပြတိုက်၊ ပင်လယ်အမှတ်အသား၊ ရေကြောင်းပြ ဗော်ယာနှင့် အခြားအရာ တစ်ခုခုအား ရေကြောင်းသွားလာသူများအတွက် လမ်းပြအဖြစ် အသုံးဝင်မှုလျော့ပါးစေသော ပြုလုပ်မှုကိုပြုခြင်းဖြင့်သော်လည်းကောင်း အကျိုးဖျက်ဆီးမှုကိုကျူးလွန်လျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။