ပုဒ်မ ၄၆၁
ပုဒ်မ ၄၆၁
ထည့်စရာကို မရိုးမဖြောင့်သောသဘောဖြင့်ဖောက်ဖွင့်မှု

မည်သူမဆို ပစ္စည်းပါဝင်၍ ပိတ်ထားသည့် အရာကို သို့မဟုတ် ပစ္စည်းပါဝင်သည်ဟု မိမိယုံကြည်သော ပိတ်ထားသည့်အရာကို မရိုးမဖြောင့်သောသဘောဖြင့်ဖြစ်စေ၊ အကျိုးဖျက်ဆီးမှုကျူးလွန်ရန် အကြံဖြင့်ဖြစ်စေ ဖောက်ဖွင့်လျှင် သို့မဟုတ် ဖွင့်လျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။ 
  3.  အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ
  5. မည်သည့်တရားသူကြီးမဆို စစ်ဆေးနိုင်သည်။