(က) မည်သူမဆို ဤဥပဒေအရ အရေးယူနိုင်သော အောက်ဖော်ပြပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်လျှင် ဤဥပဒေအရ စီရင်ပိုင်ခွင့်ရှိစေရမည် -
(၁) ပြည်တွင်းတွင်ဖြစ်စေ၊ နိုင်ငံတော်၏ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ မှတ်ပုံတင်ထားသော ရေယာဉ် သို့မဟုတ် လေယာဉ်တစ်ခုခုပေါ်တွင်ဖြစ်စေ ကျူးလွန်သည့် ပြစ်မှုများ၊
(၂) အမျိုးသားဆိုက်ဘာနယ်ပယ်အတွင်း၌ ဖြစ်စေ၊ အမျိုးသားဆိုက်ဘာနယ်ပယ်နှင့် ချိတ်ဆက်နေသော အခြားဆိုက်ဘာနယ်ပယ် တစ်ခုခု၌ဖြစ်စေ ကျူးလွန်သည့်ပြစ်မှုများ၊
(ခ) ဤဥပဒေအရ အရေးယူနိုင်သော ပြစ်မှုတစ်ရပ်ရပ်အား ပြည်ပရောက် မြန်မာနိုင်ငံသားက ကျူးလွန်လျှင် ဤဥပဒေအရ စီရင်ပိုင်ခွင့်ရှိစေရမည်။