ဥပဒေတရပ်ရပ်ကို အခြားဥပဒေတရပ်ရပ်ဖြင့် ရုပ်သိမ်းပြီးသည့်နောက်ယင်းသို့ ရုပ်သိမ်းခြင်း ပြု သော ဥပဒေကိုတဖန်ရုပ်သိမ်းလိုက်ပြန်လျှင် ရုပ်သိမ်းခြင်းခံခဲ့ရသော မူလဥပဒေသည်ပြန်လည်၍ အာဏာ မတည်စေရ။သို့ရာတွင်နောက်ဆုံးပြဋ္ဌာန်းလိုက်သည့် ရုပ်သိမ်းခြင်းပြုသော ဥပဒေတွင် တနည်းတဖုံဖော်ပြ ထားလျှင် ယင်းသို့ဖော်ပြထားသည့်အတိုင်းသာ ဖြစ်စေရမည်။