ပုဒ်မ ၃၄၃
ပုဒ်မ ၃၄၃
သုံးရက် သို့မဟုတ် သုံးရက်ထက် ပို၍ မတရား ချုပ်နှောင်ထားမှု

မည်သူမဆို သူတစ်ဦးဦးကို သုံးရက်သော်လည်းကောင်း၊ သုံးရက်ထက်ပို၍သော်လည်းကောင်း မတရားချုပ်နှောင်ထားလျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် သမ္မာန်စာကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ ပေးရမည်။
  4. တရားရုံး၏ခွင့်ပြုချက်ရလျှင် ကျေအေးခွင့် ရှိသည်။.
  5. မည်သည့်တရားသူကြီးမဆို  စစ်ဆေးနိုင်သည်