ပုဒ်မ ၃၈၇
ပုဒ်မ ၃၈၇
ခြောက်လှန့်တောင်းယူမှုကို ကျူးလွန်ရန်သူတစ်ဦးအား သေစေမည်ဟု သို့မဟုတ် အပြင်းအထန် နာကျင်စေမည်ဟု ကြောက်ရွံ့အောင်ပြုခြင်း

မည်သူမဆို ခြောက်လှန့်တောင်းယူမှုကို ကျူးလွန်ရန် သူတစ်ဦးဦးကိုဖြစ်စေ၊ အခြားသူ တစ်ဦးဦးကို ဖြစ်စေ သေစေမည်ဟု သို့မဟုတ် အပြင်း အထန် နာကျင်စေမည်ဟု ကြောက်ရွံ့အောင်ပြုလျှင် သို့မဟုတ် ထိုသို့ပြုရန် အားထုတ်လျှင် ထိုသူကို ခုနစ်နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

 

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။ 
  3. အာမခံမပေးနိုင်        
  4. ကျေအေးခွင့် မရှိ.
  5. စက်ရှင်တရားရုံးက စစ်ဆေးနိုင်သည်။