ပုဒ်မ ၆၀
ပုဒ်မ ၆၀
ပြစ်မှုနှင့်ပြစ်ဒဏ်များ

နိုင်ငံ့ဝန်ထမ်းမဟုတ်သော အရေးကြီးသတင်းအချက်အလက် အခြေခံအဆောက်အအုံစီမံ ထိန်းသိမ်းရန်တာဝန်ရှိသူသည် ပုဒ်မ ၁၇ ပုဒ်မခွဲ (က) သို့မဟုတ် (ခ) ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး တစ်လမှ အများဆုံးခြောက်လအထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်းတစ်ရာထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။