မည်သူမဆို အများပြည်သူကိုသော်လည်းကောင်း၊ သူတစ်ဦးဦးကိုသော်လည်းကောင်း ပျက်စီးဆုံးရှုံး ခြင်း သို့မဟုတ် ထိခိုက်နစ်နာခြင်းဖြစ်စေရန် အကြံဖြင့်ဖြစ်စေ၊ တောင်းဆိုချက်ကို သို့မဟုတ် ပိုင်ဆိုင်ခွင့် ကို ထောက်ခံရန်အကြံဖြင့်ဖြစ်စေ၊ သူတစ်ဦးဦးအား ပစ္စည်းလက်လွတ်စေရန် အကြံဖြင့်ဖြစ်စေ၊ အတိ အလင်းဖြစ်သော သို့မဟုတ် သဘောသက်ရောက်သော ပဋိညာဉ်တစ်ခုခုကိုပြုရန် အကြံဖြင့်ဖြစ်စေ၊ လိမ်လည်လှည့်ဖြားမှုကို ကျူးလွန်ရန် သို့မဟုတ် ကျူးလွန်နိုင်စေရန် အကြံဖြင့်ဖြစ်စေ မဟုတ်မမှန်သော စာတမ်းအမှတ်အသား တစ်ခုခုကိုသော်လည်းကောင်း၊ စာတမ်းအမှတ်အသား၏ တစ်စိတ်တစ်ပိုင်းကို သော်လည်းကောင်း ပြုလျှင် ထိုသူသည် လိမ်လည်အတုပြုမှုကို ကျူးလွန်သည်မည်၏။