ဥပဒေရေးရာစီစဉ်ဆောင်ရွက်မှု (Legal Arrangement) ဆိုသည်မှာ တစ်ဦးတစ်ယောက်၏ပိုင်ဆိုင်မှု အခွင့်အရေး၊ အကျိုးခံစားခွင့်နှင့်တာဝန်တို့ကို ထိုသူ၏ ယုံကြည်အပ်နှံမှုဖြင့် တာဝန်ယူဆောင်ရွက်သည့် ယုံမှတ်အပ်နှံမှုလုပ်ငန်းများ သို့မဟုတ် အခြားအလားတူ ဥပဒေရေးရာစီမံဆောင်ရွက်မှုများကိုဆိုသည်။ ယင်းစကားရပ်တွင် ဝါကပ်ဖ်(Wakf)၊ အများအကျိုးနှင့် ဘာသာရေးအရ ယုံကြည်အပ်နှံမှုလုပ်ငန်းများ (Charitable and Religious Trusts) တို့လည်း ပါဝင်သည်။