ကလေးသူငယ်တရားရုံးသည်-
(က) ကလေးသူငယ်အပေါ် ပုဒ်မ ၈၈ အရ ချမှတ်သော ထောင်ဒဏ်အပြင် ကလေးသူငယ်၏ ပြုလုပ်မှုကြောင့် တစ်စုံတစ်ယောက်သောသူတွင် ထိခိုက်နစ်နာမှု သို့မဟုတ် ဆုံးရှုံးမှုရှိလျှင် ကလေးသူငယ်၏ မိဘ၊ အုပ်ထိန်းသူက ပြစ်မှုကျူးလွန်ခြင်းခံရသော ထိခိုက်နစ်နာသူ သို့မဟုတ် ဆုံးရှုံးသူသို့ သင့်လျော်သော လျော်ကြေးပေးဆောင်စေရန် အမိန့်ချမှတ်နိုင်သည်။
(ခ) အောက်ဖော်ပြပါအချက်များနှင့်ညီညွတ်လျှင် ပုဒ်မ ၈၉၊ ပုဒ်မခွဲ (ဃ) သို့မဟုတ် ပုဒ်မခွဲ (င) အရ ချမှတ်ခဲ့သောအမိန့်ကို လိုက်နာပြီးသောကလေးသူငယ်အား သက်ဆိုင်ရာ မိဘ သို့မဟုတ် အုပ်ထိန်းသူထံ ခံဝန်ချုပ်ဖြင့်ဖြစ်စေ၊ ခံဝန်ချုပ်မပြုလုပ်ဘဲဖြစ်စေ ပြန်လည်အပ်နှံရန် မည်သည့်အချိန်တွင်မဆို ပြင်ဆင်၍ အမိန့်ချမှတ်နိုင်သည်-
(၁) ကလေးသူငယ်၏ အကျင့်စာရိတ္တအခြေအနေ တိုးတက်ကောင်းမွန်မှုရှိလာခြင်း၊
(၂) မိဘ သို့မဟုတ် အုပ်ထိန်းသူရှိသော ကလေးသူငယ်ဖြစ်ခြင်း။
(ဂ) ပုဒ်မခွဲ (ခ) ပါ စီရင်ပိုင်ခွင့်ကို သက်ဆိုင်ရာ သင်တန်းကျောင်းအုပ်၊ ကလေးသူငယ် ကြီးကြပ်သူ သို့မဟုတ် မိဘ၊ အုပ်ထိန်းသူ၏ လျှောက်ထားတင်ပြချက်အရ ကျင့်သုံးနိုင်သည်။