ပုဒ်မ ၄၉၅
ပုဒ်မ ၄၉၅
ထပ်မံထိမ်းမြားမည့်သူအား အထက် ထိမ်းမြားခြင်းအကြောင်းကို ထိမ်ချန်သည့်အတွက် အလားတူပြစ်မှု

မည်သူမဆို ထပ်မံထိမ်းမြားမည့်သူအား အထက်ထိမ်းမြားခြင်းအကြောင်းကို ထိမ်ချန်၍ တစ်ဆက် တည်းဖြစ်သော အထက်ပုဒ်မ ၌ အဓိပ္ပာယ်ဖွင့်ဆိုထားသည့် ပြစ်မှုကို ကျူးလွန်လျှင် ထိုသူကို ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။ 
  3.  အာမခံ ပေးရမည်။
  4.  ကျေအေးခွင့် မရှိ.
  5. စက်ရှင်တရားရုံးက စစ်ဆေးနိုင်သည်။