ပုဒ်မ ၁၈၃
ပုဒ်မ ၁၈၃
အထွေထွေ

(က) ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဤဥပဒေအရ ပေးအပ်သော တာဝန်များကို သဘောရိုးဖြင့် ဆောင်ရွက်သူကို ပြစ်မှုကြောင်းအရ သော်လည်းကောင်း၊ တရားမကြောင်းအရ သော်လည်းကောင်း အရေးယူခြင်း မပြုရ။

(ခ) ဗဟိုဘဏ်၏ တာဝန်ပေးချက်အရ ဆောင်ရွက်သူတစ်ဦးသည် တရားစွဲဆိုခံရပါက ယင်းသို့ တရားစွဲ ဆိုခံရခြင်းအတွက် ခုခံချေပရန် ကုန်ကျစရိတ်များကို ဗဟိုဘဏ်က ကျခံရမည်။