ပုဒ်မ ၆၁
ပုဒ်မ ၆၁
အယူခံခုံရုံးဖွဲ့စည်းခြင်း၊ တာဝန်ပေးအပ်ခြင်း၊ ကြားနာခြင်းနှင့် ဆုံးဖြတ်ခြင်း

(က) အယူခံခုံရုံးသည် ကြားနာမည့်နေ့ရက်ကို ကြိုတင်ကြေညာ၍ သတ်မှတ်သည့်နေ့ရက်တွင် ကြားနာရမည်။

(ခ) တင်ပြချက်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာတို့၏ လျှောက်လဲချက်ကို ကြားနာနိုင်သည်။

(ဂ) အပြီးသတ်ဆုံးဖြတ်ချက်ကို ဆောလျင်စွာချမှတ်နိုင်ရန် စီစဉ်ဆောင်ရွက်ရမည်။

(ဃ) အယူခံခုံရုံး၏ အပြီးသတ်ဆုံးဖြတ်ချက်ကို ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်ထက်ဝက်ကျော်၏ သဘော တူညီချက်ဖြင့် ချမှတ်ရမည်။