သေတ္တာ၊ အထုပ်၊ ထည့်စရာတစ်ခုခုတွင် ကုန်စည်မပါရှိဘဲလျက် ပါရှိကြောင်းကို သို့မဟုတ် ပါရှိ ပါလျက် မပါရှိကြောင်းကို သို့မဟုတ် ပါရှိသော ကုန်စည်များသည် ပစ္စည်းမှန် သို့မဟုတ် အမျိုးမှန်မဟုတ် ပါဘဲလျက် ဟုတ်ကြောင်းကို ပြည်သူ့ဝန်ထမ်းအားသော်လည်းကောင်း၊ သူတစ်ပါးအားသော်လည်း ကောင်း ယုံကြည်စေရန် ယုတ္တိရှိအောင် စီမံပြုလုပ်ထားသော နည်းလမ်းဖြင့် မည်သူမဆို ကုန်စည်များပါရှိသော သေတ္တာ၊ အထုပ်၊ အခြားထည့်စရာ တစ်ခုခုအပေါ်၌ အစစ်အမှန်မဟုတ်သော အမှတ်အသားပြုလုပ် သည်တွင် လိမ်လည်လှည့်ဖြားလိုသောကြံရွယ်ချက်မရှိဘဲ မိမိပြုလုပ်ကြောင်း ထင်ရှားအောင် သက်သေ မပြနိုင်လျှင် ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။