ပုုဒ်မ ၂(ဈ)
ပုုဒ်မ ၂(ဈ)
သာသနာ့ဝန်ထမ်း

(ဈ) သာသနာ့ဝန်ထမ်း ဆိုသည်မှာ အောက်ပါပုဂ္ဂိုလ်များကို ဆိုသည် -

(၁) ဗုဒ္ဓဘာသာဝင်များအတွက်ဖြစ်လျှင် ဗုဒ္ဓဘာသာသာသနာ့ဝန်ကို ထမ်းရွက်နေသော ရဟန်း၊ သာမဏေ၊ ဖိုးသူတော်၊ မယ်သီလ၊

ရှင်းလင်းချက်။ သာသနာ့ဝန်ထမ်းဟု ဆိုရာတွင် သာသနာရေးဆိုင်ရာ ရဟန်း သို့မဟုတ် သာသနာ့ ဝန်ထမ်းအဖြစ် ခေတ္တခံယူ ထားသူများနှင့်လည်း သက်ဆိုင်စေရမည်။

(၂) ခရစ်ယာန်ဘာသာဝင်များအတွက်ဖြစ်လျှင် ခရစ်ယာန်သာသနာ့ဝန်ကို ထမ်းဆောင်ရန်အဓိကအား ဖြင့် မိမိကိုယ်ကို ဆက်ကပ်ပြီးသောပုဂ္ဂိုလ်ဟု သက်ဆိုင်ရာ ခရစ်ယာန်အသင်းတော်ကြီးများ (Chur -ches) က အသိအမှတ်ပြု၍ သိက္ခာပေးထားခြင်းခံရသော သို့မဟုတ် တာဝန်ပေးထားခြင်းခံရသော ပုဂ္ဂိုလ်များနှင့် မိမိတို့ကိုးကွယ်ရာ ဘာသာအရ ဂိုဏ်းချုပ်၏ အုပ်ချုပ်ခြင်းကို ဆန္ဒအလျောက် လက်ခံ၍ ဘာသာရေးစည်းမျဉ်း သို့မဟုတ် အဓိဋ္ဌာန်ပြုချက်ဖြင့် စည်းရုံးထားသော ပုဂ္ဂိုလ်တစ်စုတွင် သို့မဟုတ် အဖွဲ့အစည်းတွင် ပါဝင်သော ပုဂ္ဂိုလ်များ၊

(၃) ဟိန္ဒူဘာသာဝင်များအတွက်ဖြစ်လျှင် ဂုရု၊ ပဏ္ဍိတ၊ မဟန့်၊ စံညာစီ၊ စံညာစိနီ၊ ဆာဒူး(ဆာဒူးကြီး)၊ ဆာဒ်ဗီ၊ ဆွာမိ၊ ဆွာမီနီ အပါအဝင် ဟိန္ဒူဘုန်းတော်ကြီးများ၊

(၄) အစ္စလာမ်ဘာသာဝင်များအတွက်ဖြစ်လျှင် မော်လဝီ သို့မဟုတ် မော်လာနာ ဟာဖိဇ်၊ အီမန်၊ မုဖ်သီ၊ မုဖတ်စိရ်၊ အိုလမာ၊ ပီရ် သို့မဟုတ် မရှာအိခ် အပါအဝင် အစ္စလာမ်ဘာသာ သာသနာ့ဝန်ထမ်းများ။