ရာသီအလိုက်ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် ဆိုသည်မှာ မျိုးဆက်ပျက်သုဉ်းမည့် အန္တရာယ်ကျရောက်နိုင်မှုအဆင့် သို့မဟုတ် မျိုးဆက်ပျက်သုဉ်းမည့် အန္တရာယ်ခြိမ်းခြောက်ခံရ သည့်အဆင့်နည်းပါးပြီး အရေအတွက်ပေါများမှုရှိနေခြင်းနှင့် သဘာဝအလျောက် မျိုးဆက် ပေါက်ဖွားရှင်သန်မှု ကောင်းမွန်ပြီး ပေါများစွာတွေ့ရှိရခြင်းတို့ကြောင့် အမဲလိုက်ခွင့်ပြုရန်ဖြစ်စေ၊ ယင်းတို့၏ နေရင်းဒေသအတွင်း သဘာဝအလျောက် မျိုးဆက်ပေါက်ဖွားရှင်သန်မှုကို ထိခိုက်မှု မရှိစေရန်ဖြစ်စေ အချိန်ကာလ သတ်မှတ်ကာကွယ်ထိန်းသိမ်းနိုင်ရန်အလို့ငှာ သစ်တောဦးစီး ဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်သော တောရိုင်းတိရစ္ဆာန်များကို ဆိုသည်။ ယင်း စကားရပ်တွင် အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သတ်မှတ်ခြင်းခံရသည့် တောရိုင်းတိရစ္ဆာန်များ သို့မဟုတ် ရာသီအလိုက် ဒေသပြောင်းရွှေ့ကျက်စားလေ့ရှိသည့် တောရိုင်းတိရစ္ဆာန်များ၏ အစိတ်အပိုင်းနှင့် ယင်းတို့ပါရှိသည့် ဆင့်ပွားထုတ်လုပ်ထားသော ပစ္စည်းများလည်း ပါဝင်သည်။