ပုဒ်မ ၃၄
ပုဒ်မ ၃၄
ချိတ်ဆက်အသုံးပြုခြင်းနှင့် အပြန်အလှန်ဆက်သွယ်ခြင်း

လုပ်ငန်းလိုင်စင်ရရှိသူအချင်းချင်းက မိမိ၏ကွန်ရက်အတွင်း ဝင်ရောက်ချိတ်ဆက် အသုံးပြုခွင့် ပြုရာ၌-

(က) သာတူညီမျှမှုရှိစေပြီး ခွဲခြားနှိမ့်ချမှုမရှိစေရ၊ ကွန်ရက်အတွင်းရှိ မူလဝန်ဆောင်မှုအရည်အသွေး စံချိန်စံညွှန်းအောက် နိမ့်ကျမှုမရှိစေရ။

(ခ) အရည်အသွေးစံချိန်စံညွှန်းတို့ကို လိုအပ်ချက်အရ ဦးစီးဌာနက စစ်ဆေးလျှင် စစ်ဆေးမှုကို ခံယူ ရမည်။