ဝန်ကြီးသည် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် မျိုးဆက်ပျက်သုဉ်းမည့် အန္တရာယ် ရှိသဖြင့် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များကို ကွန်ဗင်းရှင်းနှင့် အညီ ထိန်းချုပ်နိုင်ရန် -
(က) ညွှန်ကြားရေးမှူးချုပ်အား ကွန်ဗင်းရှင်း၏ မြန်မာနိုင်ငံဆိုင်ရာ စီမံအုပ်ချုပ်မှု အခွင့်ရ ပုဂ္ဂိုလ်အဖြစ် သတ်မှတ်တာဝန်ပေးရမည်။
(ခ) သင့်လျော်သူတစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသူအား ကွန်ဗင်းရှင်း၏ မြန်မာနိုင်ငံဆိုင်ရာ သိပ္ပံပညာရပ် တာဝန်ခံပုဂ္ဂိုလ်အဖြစ် သတ်မှတ်တာဝန်ပေးရမည်။