ပုဒ်မ ၁၅၂
ပုဒ်မ ၁၅၂
ထည့်သွင်းစဉ်းစားရမည့် စံနှုန်းများ

(က) တရားရုံးတစ်ရုံးသည် အီလက်ထရောနစ်စာတမ်းအမှတ်အသားကို သက်သေခံအဖြစ် လက်ခံ နိုင်မခံနိုင်ဆိုသည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍ ဥပဒေ၏ နည်းဥပဒေတစ်ရပ်ရပ်အရ ဆုံးဖြတ်ရန်အလို့ငှာ သက် သေခံချက်ကို အီလက်ထရောနစ် စာတမ်းအမှတ်အသား၏သဘောသဘာဝနှင့် ရည်ရွယ်ချက်၊ အီလက် ထရောနစ်စာတမ်းအမှတ်အသားကို အသုံးပြုသော သို့မဟုတ် မှတ်တမ်းတင်သော သို့မဟုတ် သိမ်းဆည်းသော လုပ်ငန်း သို့မဟုတ် စီးပွားရေးလုပ်ငန်း သို့မဟုတ် ကြိုးပမ်းအားထုတ်မှုပုံစံနှင့် ပတ်သက်မှုရှိခြင်း၊ အီလက်ထရောနစ်စာတမ်းအမှတ်အသားများကို မှတ်တမ်းတင်စေရန် သို့မဟုတ် သိမ်းဆည်း စေရန်နည်းလမ်းနှင့်သက်ဆိုင်သောစံနှုန်း၊ လုပ်ထုံးလုပ်နည်း၊ အလေ့အထ သို့မဟုတ် အလေ့အကျင့်တစ်ရပ်ရပ် ကိုတင်ပြခြင်းဖြင့် သက်သေခံအဖြစ် လက်ခံနိုင်သည်။

(ခ) အီလက်ထရောနစ်စာတမ်းအမှတ်အသားဖြင့် ဖော်ပြသော သတင်းအချက်အလက်တွင် ကိန်းဂဏန်း အချက်အလက်များ၊ စာသားများ၊ အသံများ၊ သင်္ကေတများ၊ ကွန်ပျုတာအစီအစဉ်များ၊ ကွန်ပျုတာ ညွှန်ကြားချက်များ သို့မဟုတ် ကွန်ပျုတာထဲတွင် အသင့်သုံးနိုင်ရန် ထည့်ထားသော အချက်အလက်များ ပါဝင်သည်။