သက်ဆိုင်ရာ တရားရုံးသည် ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ဖြင့် ပြစ်မှုထင်ရှားစီရင်သည့်အခါ ပြဋ္ဌာန်းထားသော ပြစ်ဒဏ်ကို ချမှတ်ရမည့်အပြင် တရားမျှတမှုအလို့ငှာ ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူက ပြစ်မှုကျူးလွန်ခြင်းခံရပြီး ထိခိုက်နစ်နာသော ကလေးသူငယ်အား သင့်လျော်သည့် လျော်ကြေးပေးလျော်စေရန် အမိန့်ချမှတ်နိုင်သည်။