ပုဒ်မ ၂၆၅
ပုဒ်မ ၂၆၅
မမှန်သောအလေးအချိန်အတွယ်တင်းတောင်းကိုသော်လည်းကောင်း၊ အတိုင်းအတာကိုသော်လည်းကောင်း၊ လိမ်လည်လှည့်ဖြားလိုသော သဘောဖြင့်သုံးခြင်း

မည်သူမဆို မမှန်သောအလေးအချိန်အတွယ်ကိုဖြစ်စေ၊ မမှန်သောအတိုင်းအတာ တင်းတောင်းကို ဖြစ်စေ၊ လိမ်လည်လှည့်ဖြားလိုသောသဘောဖြင့် အသုံးပြုလျှင် သို့မဟုတ် အလေးအချိန်အတွယ် တင်းတောင်းအတိုင်းအတာ တစ်ခုခုကို ထိုအလေးအချိန်အတွယ် တင်းတောင်းအတိုင်းအတာနှင့် ကွဲလွဲသောအလေး အချိန်အတွယ် တင်းတောင်း အတိုင်းအတာအဖြစ် လိမ်လည်လှည့်ဖြား လိုသော သဘောဖြင့် အသုံးပြုလျှင် ထိုသူကို တစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ
  2. သာမန်အားဖြင့် သမ္မာန်စာကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ.
  5. မည်သည့်  တရားသူကြီးမဆို စစ်ဆေးနိုင်သည်။