မည်သူမဆို ငွေစက္ကူအတုကိုသော်လည်းကောင်း၊ ဘဏ်ငွေလက်မှတ်အတုကိုသော်လည်း ကောင်း လိမ်လည်အတုပြုထားကြောင်းသိလျက် သို့မဟုတ် ထိုသို့ပြုထားကြောင်း ယုံကြည်ရန် အကြောင်းရှိလျက်၊ ထို့ပြင် အစစ်အမှန်အနေဖြင့် သုံးစွဲရန် သို့မဟုတ် သုံးစွဲနိုင်စေရန် ကြံရွယ်လျက် လက်ရှိထားလျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။