မည်သူမဆို ဝန်ကြီးဌာန၏ ခွင့်ပြုချက်ကိုရယူခြင်းမရှိဘဲ ဗီပီအန်ကို ထူထောင်ခြင်း သို့မဟုတ် ဗီပီအန်ဝန်ဆောင်မှုပေးခြင်း ပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် -
(က) ထိုသူကို အနည်းဆုံး တစ်လမှ အများဆုံး ခြောက်လအထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်းတစ်ရာ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့်အပြင် အမှုနှင့်သက်ဆိုင်သော သက်သေခံ ပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။
(ခ) ပြစ်မှုကျူးလွန်သူသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဖြစ်ပါက ယင်းကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း ကို ကျပ်သိန်းတစ်ရာအောက်မနည်းသော ငွေဒဏ်ချမှတ်ရမည့်အပြင် အမှုနှင့်သက်ဆိုင်သော သက်သေခံ ပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။