ပုဒ်မ ၂၅၆
ပုဒ်မ ၂၅၆
အစိုးရတံဆိပ်ခေါင်းကို အတုပြုရန် ကိရိယာကိုဖြစ်စေ၊ ဝတ္ထုပစ္စည်းကိုဖြစ်စေ လက်ရှိထားခြင်း

မည်သူမဆို အခွန်ကိစ္စအလို့ငှာ အစိုးရထုတ်တံဆိပ်ခေါင်းကို အတုပြုလုပ်မှုအတွက် သုံးစွဲရန် ဖြစ်စေ၊ သုံးစွဲရန် ကြံရွယ်ကြောင်းသိလျက်နှင့် သို့မဟုတ် ယုံကြည်ရန် အကြောင်းရှိ လျက်နှင့်ဖြစ်စေ ကိရိယာ သို့မဟုတ် ပစ္စည်းတစ်ခုခုကို လက်ရှိထားလျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့် ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ
  5. ခရိုင်တရားရုံးက စစ်ဆေးနိုင်သည်။