မည်သူမဆို ထောင်ဒဏ်ထိုက်သည့် ပြစ်မှုတစ်ခုခုကို ကျူးလွန်ရန်အလို့ငှာ ပုန်းလျှိုးအိမ်ကျော်နင်း မှုကိုဖြစ်စေ၊ အိမ်ဖောက်ထွင်းမှုကိုဖြစ်စေ ကျူးလွန်လျှင် ထိုသူကိုသုံးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ် ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။ အကယ်၍ ကျူးလွန်ရန် ကြံရွယ်သည့်ပြစ်မှုသည် ခိုးမှုဖြစ်ခဲ့သော် ထောင်ဒဏ်ကို ဆယ်နှစ်ထိတိုး၍ ချမှတ်နိုင်သည်။
စက်ရှင်တရားရုံး သို့မဟုတ် မည်သည့်တရားသူကြီးမဆို စစ်ဆေးနိုင်သည်။