မည်သူမဆို ဖော်ပြချက်ကိုဖြစ်စေ၊ ကောလာဟလကိုဖြစ်စေ၊ သတင်းကိုဖြစ်စေ ပြုရာတွင် သို့မဟုတ် ထုတ်ပြန်ကြေညာရာတွင် သို့မဟုတ် ဖြန့်ချိရာတွင်-
(က) တပ်မတော်သားများကဖြစ်စေ၊ အစိုးရဝန်ထမ်းများကဖြစ်စေ အစိုးရ သို့မဟုတ် တပ်မတော်အပေါ် တွင် မေတ္တာပျက်စေရန်သော်လည်းကောင်း၊ စည်းကမ်း ဖီဆန်ရန်သော်လည်းကောင်း၊ သစ္စာမဲ့ရန်သော် လည်းကောင်း ထိုသူတို့ စိတ်ဓာတ်တက်ကြွမှု၊ စည်းကမ်းသေဝပ်မှု၊ ကျန်းမာမှု၊ ဝတ္တရားဆောင်ရွက်မှု တို့ကို ယုတ်လျော့စေရန်၊ ထိခိုက်စေရန်၊ တားမြစ်စေရန်၊ အနှောင့်အယှက်ပြုစေရန်၊ ပျက်စီးစေရန် ကြံရွယ်လျှင် သို့မဟုတ် ယင်းသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင်၊ သို့မဟုတ်
(ခ) တပ်မတော်တွင် အမှုထမ်းဆောင်သော တပ်မတော်သား (* * *) အား စစ်ပုန်ကန်ခြင်းကို သော်လည်း ကောင်း၊ သက်ဆိုင်ရာမိမိ၏ တာဝန်ဝတ္တရားကို မလေးစားခြင်းသော်လည်းကောင်း၊ ပျက်ကွက်ခြင်း သော်လည်းကောင်း ပြုစေရန် ကြံရွယ်ချက်ရှိလျှင် သို့မဟုတ် ထိုသို့ပြုစေတန်ရာသည့် အကြောင်းရှိလျှင် သို့မဟုတ်
(ဂ) နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ အများပြည်သူတည်ငြိမ်အေးချမ်းရေးကိုဖြစ်စေ ထိခိုက်စေသည့်ပြစ်မှုကို သူတစ်ဦးက ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်လည်းကောင်း၊ အများပြည်သူ၏ သီးခြား လူစုကိုသော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်းတစ်ခုခုဖြစ်စေရန် ကြံရွယ်ချက်ရှိလျှင် သို့မဟုတ် ထိုသို့ ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် သို့မဟုတ်
(ဃ) လူတန်းစားအချင်းချင်းဖြစ်စေ၊ လူမျိုးစုအချင်းချင်းဖြစ်စေ တစ်ဖက်နှင့်တစ်ဖက် ပြစ်မှုကျူးလွန် အောင်လှုံ့ဆော်ရန် ကြံရွယ်ချက်ရှိလျှင် သို့မဟုတ် အဆိုပါ လှုံ့ဆော်ခြင်းကိုဖြစ်စေတန်ရာသည့် ကြံရွယ် ချက်ရှိလျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ကင်းလွတ်ချက်။ သူတစ်ဦးသည် ဖော်ပြချက်ကိုဖြစ်စေ၊ ကောလာဟလကိုဖြစ်စေ၊ သတင်းကိုဖြစ်စေ ပြုရာတွင် သို့မဟုတ် ထုတ်ပြန်ကြေညာရာတွင် သို့မဟုတ် ဖြန့်ချိရာတွင် ထိုဖော်ပြချက်သော်လည်း ကောင်း၊ ထိုကောလာဟလသော်လည်းကောင်း၊ ထိုသတင်းသော်လည်းကောင်း မှန်ကန် သည်ဟုယုံကြည် ရန် အကြောင်းရှိသည့်ပြင် အထက်ကဆိုခဲ့သော ကြံရွယ်ချက်မရှိဘဲပြုလျှင် သို့မဟုတ် ထုတ်ပြန်ကြေညာ လျှင် သို့မဟုတ် ဖြန့်ဝေလျှင် ဤပုဒ်မ၏ အဓိပ္ပာယ်အရ ပြစ်မှုမမြောက်။