ပုဒ်မ ၁၇
ပုဒ်မ ၁၇
အာဏာမတည်သေးသောဥပဒေနှင့် စပ်လျဉ်းသည့် လုပ်ပိုင်ခွင့်များ

(က) ဥပဒေတရပ်ရပ်ကို ပြဋ္ဌာန်းထုတ်ပြန်ပြီးဖြစ်သော်လည်း၊ ယင်းဥပဒေသည် ချက်ချင်းအာဏာ မတည် သေးလျှင် ယင်းဥပဒေအရပြုလုပ်ပိုင်ခွင့်ရှိသော နည်းဥပဒေများ၊ စည်းမျဉ်းဥပဒေနှင့် စည်းကမ်း ဥပဒေများကို ကြိုတင်၍ထုတ်ပြန်ထားနိုင်သည်။

(ခ) ယင်းသို့အာဏာမတည်သေးသည့် ဥပဒေနှင့် စပ်လျဉ်း၍ အောက်ပါကိစ္စများနှင့်သက်ဆိုင်သော အမိန့် များကို ကြိုတင်၍ထုတ်ပြန်ထားနိုင်သည်-

(၁) ယင်းဥပဒေနှင့်သက်ဆိုင်စေခြင်းကိစ္စ၊

(၂) ယင်းဥပဒေအရ တရားရုံးနှင့် အခြားရုံးများ ဖွဲ့စည်းခြင်းကိစ္စ၊

(၃) ယင်းဥပဒေအရ တာဝန်ယူရသောအဖွဲ့အစည်း ခန့်ထားသည့်ကိစ္စ၊

(၄) အကြီးအကဲ၊ တာဝန်ထမ်းဆောင်သူ၊ ဝန်ထမ်းတို့ကိုခန့်ထားသည့်ကိစ္စ၊

(၅) ယင်းဥပဒေအရ ဆောင်ရွက်ရန်ရှိသောကိစ္စ၊

(၆) ယင်းဥပဒေအရ ဆောင်ရွက်ရသည့် အဖွဲ့အစည်း၊ သို့မဟုတ် ပုဂ္ဂိုလ်တို့သည် မည်သည့်အချိန်၊ မည်သည့်နေရာတွင် မည်သည့်နည်းလမ်းအတိုင်း ဆောင်ရွက်ရမည်ဟူသောကိစ္စ၊

(၇) မည်သည့်အခကြေးငွေပေးရမည်ဟူသော ကိစ္စ။

(ဂ) ယင်းသို့ထုတ်ပြန်သော နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊ စည်းကမ်းဥပဒေ၊ သို့မဟုတ် အမိန့်သည် ယင်းဥပဒေစတင် အာဏာမတည်သေးသမျှ ကာလပတ်လုံးအကျိုးသက်ရောက်မှု မရှိစေရ။