(က) ဘဏ်သည် သီးသန့်ရန်ပုံငွေတစ်ရပ် ထားရှိရမည်။ နှစ်စဉ် အသားတင်အမြတ်ငွေ၏ ၂၅ ရာခိုင် နှုန်းကို အထွေထွေ သီးသန့်ငွေစာရင်းသို့ လွှဲပြောင်းပေးရမည်။ ထိုသို့ လွှဲပြောင်းပေးခြင်းကို ထည့်ဝင်ပြီး မတည်ငွေရင်း၏ ၁၀၀ ရာခိုင်နှုန်းနှင့် ညီမျှသည်အထိ ဆောင်ရွက်ရမည်။
(ခ) ပုဒ်မခွဲ(က)တွင် မည်သို့ပင်ပါရှိစေကာမူ ဗဟိုဘဏ်သည် ဘဏ်၏ နှစ်စဉ်အသားတင်အမြတ်ငွေမှ ယင်း၏ သီးသန့်ရန်ပုံငွေသို့ လွှဲပြောင်းပေးရန် မတူညီသော အချိုးတစ်ရပ်ကို အခါအားလျော်စွာ သတ်မှတ်နိုင်သည်။