လိုင်စင်ရရှိထားသော ဘဏ်များသည်-
(က) ဗဟိုဘဏ်က သတ်မှတ်ထားသည့် လိုင်စင်ပါ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်။
(ခ) လိုင်စင်ရရှိသည့်နေ့မှ တစ်နှစ်အတွင်း လုပ်ငန်းကို စတင်လုပ်ကိုင်ရမည်။
(ဂ) ဤဥပဒေအရ ခွင့်ပြုထားသည့် ဘဏ်လုပ်ငန်းများကို သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း များနှင့်အညီ ဆောင်ရွက်ခြင်း မှအပ အခြားမည်သည့်လုပ်ငန်းကိုမျှ ဆောင်ရွက်ခြင်း မပြုရ။
(ဃ) မိမိလိုင်စင်မိတ္တူတစ်စောင်ကို မိမိ၏လုပ်ငန်းနေရာတွင်သော်လည်းကောင်း၊ မြန်မာနိုင်ငံအတွင်းရှိ လုပ်ငန်းလုပ်ဆောင်ရာ နေရာတိုင်းတွင်သော်လည်းကောင်း ထင်ရှားစွာပြသထားရမည်။