ပုဒ်မ ၃၃
ပုဒ်မ ၃၃
ပ်နှံငွေလက်ခံခြင်း၊ အပ်နှံငွေခေါ်ယူခြင်းတို့နှင့် စပ်လျဉ်း၍ ကန့်သတ်ချက်များ

(က) ဘဏ်တစ်ခုခုက ပြုလုပ်သော ကြော်ငြာတွင် ဖော်ပြချက်တစ်ခုခုမှာ မှားယွင်းကြောင်း၊ လိမ် လည်ခြင်း သို့မဟုတ် လှည့်ဖျားခြင်းပြုကြောင်း ဗဟိုဘဏ်က ထင်မြင်ယူဆလျှင် ဗဟိုဘဏ်သည် ထို ဘဏ်သို့ အောက်ပါတို့ကို အကြောင်းကြားစာပေးပို့ ညွှန်ကြားနိုင်သည်-

(၁) ကြော်ငြာဆက်လက် ပြုလုပ်ခြင်းကို ရပ်စဲစေခြင်း၊

(၂) ဗဟိုဘဏ်က သတ်မှတ်သည့် နည်းလမ်းအတိုင်း ကြော်ငြာကို ပြင်ဆင်စေခြင်း၊

(၃) ကြော်ငြာများ သို့မဟုတ် ပြသချက်များအားလုံးကိုရုပ်သိမ်း၍ ပြန်လည်ပြင်ဆင်ကြော်ငြာစေရန် သို့မဟုတ် ပြန်လည် ရုပ်သိမ်း ရန် ဖြစ်နိုင်သမျှ ဆောင်ရွက်ခြင်း။

(ခ) ဗဟိုဘဏ်သည် ပုဒ်မခွဲ(က)အရ ထုတ်ပြန်သော ညွှန်ကြားချက်တစ်ခုခုကို ပြောင်းလဲခြင်း၊ ပြင်ဆင် ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း ပြုနိုင်သည်။