တာဝန်တခုခုကို ပေးအပ်ရာ၌ ပုဂ္ဂိုလ်အမည်ဖြင့်ဖြစ်စေ၊ ရာထူးအလျောက်ဖြစ်စေ ပေးအပ်နိုင်သည်။ ယင်းသို့ပေးအပ်ရာ၌ ခေတ္တသော် လည်းကောင်း၊ အမြဲတမ်းသော်လည်းကောင်း ပေးအပ်နိုင်သည်။ သို့ရာတွင် တာဝန်ပေးအပ်ခွင့်ပြုသော ဥပဒေ၌ တနည်းတဖုံဖော်ပြထားလျှင် ယင်းသို့ ဖော်ပြထားသည့်အတိုင်းသာ ဖြစ်စေရမည်။