ပုဒ်မ ၁၂
ပုဒ်မ ၁၂
လူမှုဝန်ထမ်းအရာရှိနှင့် ကလေးသူငယ်ကြီးကြပ်သူများ ခန့်အပ်တာဝန်ပေးခြင်း

ဝန်ကြီးဌာနသည်-

(က) ပုဒ်မ ၁၁ အရ လူမှုဝန်ထမ်းဦးစီးမှူးရုံး အဆင့်ဆင့်ကို ဖွဲ့စည်းတည်ထောင်ဖွင့်လှစ်ခြင်း မပြုနိုင် သေးသော နယ်မြေဒေသများတွင် ဤဥပဒေအရ လူမှုဝန်ထမ်းအရာရှိများနှင့် ကလေးသူငယ်ကြီးကြပ်သူ များ၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်ရန် နိုင်ငံ့ဝန်ထမ်းကိုဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် နိုင်ငံသားကိုဖြစ်စေ တာဝန်ပေးအပ်နိုင်သည်။ နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် နိုင်ငံသားကို သတ်မှတ် ထားသော စရိတ်ချီးမြှင့်ငွေထောက်ပံ့ပေးရမည်။

(ခ) ပုဒ်မခွဲ(က)အရ တာဝန်ပေးအပ်လိုသည့် အခြားဌာနများမှ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ကြိုတင်ညှိနှိုင်းဆောင်ရွက်ရမည်။