မည်သူမဆို လုယက်မှုကိုကျူးလွန်လျှင် ထိုသူကို အလုပ်ကြမ်းနှင့်ဆယ်နှစ်ထိ ထောင်ဒဏ် ချမှတ် ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ထို့ပြင် ထိုလုယက်မှုကို နေဝင်နှင့်နေထွက်အကြား၌ အများပြည်သူ သွားလာရာလမ်းတွင် ကျူးလွန်လျှင် ထောင်ဒဏ်ကို ဆယ့်လေးနှစ်ထိ တိုးမြှင့်ချမှတ် နိုင်သည်။