ပုဒ်မ ၁၅၁
ပုဒ်မ ၁၅၁
အီလက်ထရောနစ် စာတမ်းအမှတ်အသား၏ မှန်ကန်မှုကို အသိအမှတ်ပြုခြင်း

။ ဆန့်ကျင်ကွဲလွဲ၍ သက်သေခံချက် မတင်ပြနိုင်သည့်ကိစ္စတွင် မှတ်တမ်းတင်ထားသည့် သို့မဟုတ် သိမ်းဆည်းထားသည့် အီလက်ထရောနစ်စာတမ်း အမှတ်အသားများစနစ်၏ မှန်ကန်မှုကို အောက်ပါ အထောက်အထားတစ်ရပ်ရပ်ဖြင့် သက်သေထင်ရှား ပြနိုင်သည်-

(က) အီလက်ထရောနစ်စာတမ်းအမှတ်အသားစနစ်တွင် အသုံးပြုသည့် ကွန်ပျုတာစနစ် သို့မဟုတ် အခြားအလားတူ ပစ္စည်းကိရိယာတို့သည် စနစ်တကျလည်ပတ်နေကြောင်း သို့မဟုတ် ပုံမှန်လည်ပတ် ခြင်းမရှိသော်လည်း အီလက်ထရောနစ် စာတမ်းအမှတ်အသား၏ မှန်ကန်မှုကို ထိခိုက်မှုမရှိကြောင်းနှင့် သံသယရှိစေသည့် အထောက်အထားမရှိသည်ကို သက်သေ ထင်ရှား ပြသခြင်း၊

(ခ) အီလက်ထရောနစ်စာတမ်းအမှတ်အသားကို တင်သွင်းလိုသော ပုဂ္ဂိုလ်၏ အကျိုးစီးပွားနှင့် ဆန့်ကျင်သောပုဂ္ဂိုလ်က မှတ်တမ်းတင်ထားသည့် သို့မဟုတ် သိမ်းဆည်းထားသည့် အီလက်ထရောနစ် စာတမ်းအမှတ်အသား ဖြစ်ခြင်း၊

(ဂ) အီလက်ထရောနစ်စာတမ်းအမှတ်အသားမှာ တင်သွင်းလိုသော ပုဂ္ဂိုလ်၏ကြီးကြပ်မှုအရ မှတ်တမ်း တင်ခြင်း သို့မဟုတ် သိမ်းဆည်းခြင်းမပြုဘဲ ပုဂ္ဂိုလ်တစ်ဦးက ၎င်း၏ပုံမှန်နှင့် သာမန်လုပ်ငန်းတွင် မှတ်တမ်းတင်ထားသော သို့မဟုတ် သိမ်းဆည်းထားသော အီလက်ထရောနစ် စာတမ်းအမှတ်အသား ဖြစ်ခြင်း။