ဘဏ်သည်-
(က) အမြတ် သို့မဟုတ် အရှုံး တစ်ခုခုကို ကြေညာခြင်းမပြုမီ ထုတ်ချေးငွေများ၊ ကြိုတင်ထုတ်ချေးငွေ များနှင့် အခြားရရန်ပိုင်ခွင့်များအတွက် ဆုံးရှုံးနိုင်မှုကို ကာမိစေရန် ကြိုတင်လျာထားချက်များ ပြုလုပ်ရ မည်။
(ခ) ပုဒ်မခွဲ (က)အရ ပြုလုပ်သည့်ထုတ်ချေးငွေများ၊ ကြိုတင်ထုတ်ချေးငွေများနှင့် အခြားရရန်ပိုင်ခွင့် များအတွက် ကြိုတင်လျာထားချက်များကို ဗဟိုဘဏ်က သတ်မှတ်ထားသော စည်းမျဉ်းများနှင့်အညီ လုံ လောက်စွာထားရှိရမည်။