ပုဒ်မ ၂၈
ပုဒ်မ ၂၈
အထွေထွေ

က) ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေအာဏာ စတင်တည်သည့်နေ့၌ ယင်းအခြေခံဥပဒေတွင် ပါရှိသော စကားရပ်များဖြင့် ရှိရင်းစွဲဥပဒေများတွင် ပါရှိသော သက်ဆိုင်ရာစကားရပ်များကို ဆီလျော်အောင် အစားထိုးပြီး ဖြစ်သည်ဟု မှတ်ယူရမည်။

(ခ) ဥပဒေတရပ်ရပ်တွင် ပါရှိသော စကားရပ်တခုခုကို အခြေခံဥပဒေတွင်ပါရှိသော မည်သည့်စကားရပ်ဖြင့် အစားထိုးပြောင်းလဲကြောင်းကို အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်ကြေညာရမည်။