ပုဒ်မ ၈၉
ပုဒ်မ ၈၉
ကလေးသူငယ် တရားစီရင်ရေး

ကလေးသူငယ်တရားရုံးသည် ပုဒ်မ ၈၈၊ ပုဒ်မခွဲ (ဂ) ပါ အချက်နှစ်ရပ်နှင့် မငြိစွန်းသဖြင့် ထောင်ဒဏ် မချမှတ်သင့်သော ကလေးသူငယ်နှင့်စပ်လျဉ်း၍ အောက်ပါအမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်-

(က) ဆိုဆုံးမ၍ လွှတ်နိုင်သည်။

(ခ) ကလေးသူငယ်၏ အကောင်းဆုံးအကျိုးစီးပွားများအလို့ငှာ အခြားနည်းလမ်းဖြင့် လွှဲပြောင်း ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်ဖြင့် ဆောင်ရွက်နိုင်သည်။

(ဂ) မည်သည့်ပြစ်မှုတွင်မဆို ကလေးသူငယ်သည် ပြစ်မှုကို နောက်ထပ်မကျူးလွန်စေရေးအတွက် ဟန့်တားရန်အလို့ငှာ ထိုကလေးသူငယ်ကို ကောင်းမွန်စွာ နေထိုင်ကျင့်ကြံစေမည်ဖြစ်ကြောင်း ခံဝန်ချုပ် ချုပ်ဆိုပြီး သုံးနှစ်ထက်မကျော်လွန်သောကာလအတွက် စည်းကမ်းချက်များ သတ်မှတ်၍ မိဘ သို့မဟုတ် အုပ်ထိန်းသူထံ ပြန်လည်လွှဲအပ်ပေးနိုင်သည်။

(ဃ) သုံးနှစ်ထက်မပိုသောကာလအတွင်း ကလေးသူငယ်ကြီးကြပ်သူ၏ ကြီးကြပ်စီမံခြင်းကို ခံယူစေ နိုင်သည်။

(င) မည်သည့်ပြစ်မှုတွင်မဆို ကလေးသူငယ်သည် အကျင့်စာရိတ္တပျက်ပြားနေသူဖြစ်လျှင်သော်လည်းကောင်း၊ အကျင့်စာရိတ္တပျက်ပြားခြင်း မရှိသေးသော်လည်း မိဘအုပ်ထိန်းသူမရှိသည့် ကလေးသူငယ်ဖြစ်လျှင် သော်လည်းကောင်း၊ မိဘအုပ်ထိန်းသူရှိသော်လည်း ကလေးသူငယ်အား ဆိုဆုံးမခြင်းနှင့် ထိန်းသိမ်း စောင့်ရှောက်နိုင်သော အခြေအနေမရှိလျှင်သော်လည်းကောင်း ထိုကလေးသူငယ်ကို အနည်းဆုံး နှစ်နှစ် အထိဖြစ်စေ၊ အသက် ၁၈ နှစ် သို့မဟုတ် အသက် ၂၀ နှစ်ပြည့်သည်အထိဖြစ်စေ သင်တန်းကျောင်း တစ်ခုခုသို့ ပို့အပ်နိုင်သည်။

(စ) ကလေးသူငယ်တရားသူကြီး၏ ဆင်ခြင်တုံတရားအရ သင့်လျော်သည်ဟု ထင်မြင်သောစည်းကမ်း ချက်များသတ်မှတ်၍ ပရဟိတဂေဟာ သို့မဟုတ် ယာယီစောင့်ရှောက်ရေးဂေဟာတွင် သတ်မှတ်သည့် အချိန်ကာလ တစ်ရပ်ထိ နေထိုင်စေရန် အမိန့်ချမှတ်နိုင်သည်။ သတ်မှတ်အချိန်ကာလပြည့်သည့်အခါ ပုဒ်မခွဲ (က) မှ (င) အထိ ပါရှိသည့် အမိန့်တစ်ရပ်ရပ် ချမှတ်နိုင်သည်။