ပုဒ်မ ၄၀၁
ပုဒ်မ ၄၀၁
သူခိုးဂိုဏ်း၌ ပါဝင်သူအတွက် ပြစ်ဒဏ်

လူသတ်ဓားပြဂိုဏ်း သို့မဟုတ် ဓားပြဂိုဏ်း မဟုတ်သည့် ခိုးမှုကို သို့မဟုတ် လုယက်မှုကိုအမြဲတစေ ကျူးလွန်ရန်အလို့ငှာ ဖွဲ့စည်းထားသည့် လှည့်လည်သွားလာနေသော လူဆိုးဂိုဏ်း၌သော်လည်းကောင်း၊ အခြားလူဆိုးဂိုဏ်း၌သော်လည်းကောင်း ပါဝင်သူဖြစ်လျှင် ထိုသူကို အလုပ်ကြမ်းနှင့် ခုနစ်နှစ်ထိ ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။ 
  3. အာမခံ မပေးနိုင်.
  4. ကျေအေးခွင့် မရှိ.
  5. ခရိုင်တရားရုံး သို့မဟုတ် ပထမတန်း သို့မဟုတ် ဒုတိယတန်း အာဏာရ တရားသူကြီးက စစ်ဆေးနိုင်သည်။