ပုဒ်မ ၄၇၂
ပုဒ်မ ၄၇၂
ပုဒ်မ ၄၆၇ အရ ပြစ်ဒဏ်ထိုက်သည့် လိမ်လည်အတုပြုမှုကို ကျူးလွန်ရန်အကြံဖြင့် တံဆိပ်တုစသည် တို့ကို ပြုမှု သို့မဟုတ် လက်ရှိထားမှု

မည်သူမဆို ပုဒ်မ ၄၆၇ အရ ပြစ်ဒဏ်ထိုက်သည့် လိမ်လည်အတုပြုမှု ကျူးလွန်ရန်အလို့ငှာ တံဆိပ်ကို သို့မဟုတ် ပလိတ်ပြားကို သို့မဟုတ် ပုံသဏ္ဌာန်ထင်အောင်ပြုသော အခြားကိရိယာကို သုံးစွဲ စေရန် အကြံဖြင့် ထိုတံဆိပ်၊ ပလိတ်ပြား၊ အခြားကိရိယာ တစ်ခုခုကိုပြုလျှင် သို့မဟုတ် အတုပြုလျှင် ဖြစ်စေ ထိုအကြံဖြင့် ယင်းတံဆိပ်၊ ပလိတ်ပြား၊ အခြားကိရိယာတစ်ခုခုသည် အတုဖြစ်ကြောင်း သိလျက် နှင့် မိမိထံ၌ လက်ရှိထားလျှင် ထိုသူကို ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ခုနစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။ 
  3.  အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ .
  5. စက်ရှင်တရားရုံးက စစ်ဆေးနိုင်သည်။