မည်သူမဆို အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး တစ်ဆယ်နှစ်မှ အများဆုံး နှစ် ၂၀ အထိ ထောင်ဒဏ် ချမှတ်ရမည့်ပြင်အနည်းဆုံး ကျပ်သိန်း ၅၀ မှ အများဆုံးကျပ် သိန်း ၁၀၀ အထိ ငွေဒဏ်လည်း ချမှတ်နိုင်သည်-
(က) ကလေးသူငယ်ကို ရောင်းချခြင်း၊
(ခ) ကလေးသူငယ်၏ ကိုယ်ခန္ဓာအစိတ်အပိုင်းအား ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ တရားမဝင် ထုတ်ယူ ဖယ်ရှားခြင်း၊ တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း သို့မဟုတ် သိလျက်နှင့် အစားထိုးပေးခြင်း။