မသန်စွမ်းကလေး သူငယ်တိုင်းသည်-
(က) ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဘဝတစ်သက်တာ သင်ယူမှုများ အပါအဝင် ပညာသင်ယူမှုဆိုင်ရာ အခွင့်အလမ်းများ ရရှိစေရမည်။
(ခ) မိမိတို့နေထိုင်ရာ ရပ်ရွာ သို့မဟုတ် အနီးစပ်ဆုံးဒေသရှိ နိုင်ငံတော်က ဖွင့်လှစ်ထားသော ကျောင်းများတွင် ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော အခမဲ့ပညာသင်ယူခွင့်ရှိသည့် အဆင့် အထိ အခြားသူများနည်းတူ သင်ယူခွင့်ရှိသည်။