ပုဒ်မ ၁၅
ပုဒ်မ ၁၅
သင်တန်းကျောင်း၊ ပရဟိတဂေဟာနှင့် ယာယီစောင့်ရှောက်ရေးဂေဟာများ တည်ထောင်ဖွင့်လှစ်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း

(က) စေတနာ့ဝန်ထမ်းပုဂ္ဂိုလ်ကဖြစ်စေ၊ လူမှုရေးအဖွဲ့အစည်း သို့မဟုတ် အစိုးရမဟုတ်သော အဖွဲ့ အစည်းကဖြစ်စေ ပရဟိတဂေဟာ သို့မဟုတ် ယာယီစောင့်ရှောက်ရေးဂေဟာကို တည်ထောင်ဖွင့်လှစ် လိုလျှင် တည်ထောင်ခွင့်ပြုမိန့်ရရှိရန် လူမှုဝန်ထမ်းဦးစီးဌာနသို့ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်။

(ခ) လူမှုဝန်ထမ်းဦးစီးဌာနသည် ပုဒ်မခွဲ(က)အရ လျှောက်ထားချက်ကို သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး တည်ထောင်ခွင့်ပြုမိန့်ထုတ်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။ ခွင့်ပြုပါက တည်ထောင်ခွင့်ပြုမိန့်သက်တမ်းနှင့် စည်းကမ်းချက်များသတ်မှတ်၍ လျှောက်ထားသူအား တည်ထောင် ခွင့်ပြုမိန့်ထုတ်ပေးရမည်။ ငြင်းပယ်ခြင်းပြုပါက ကျိုးကြောင်းဖော်ပြ၍ လျှောက်ထားသူထံစာဖြင့် အကြောင်းပြန်ကြားရမည်။

(ဂ) လူမှုဝန်ထမ်းဦးစီးဌာနသည် တည်ထောင်ခွင့်ပြုမိန့် သက်တမ်းကုန်ဆုံး၍ သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားလာခြင်းအပေါ် သက်တမ်းတိုးမြှင့်ပေးရန် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်။