အကျိုးစီးပွားများ ရယူပိုင်ဆိုင်ခြင်း
(က) ဘဏ်တစ်ခုခု၏ အဓိကကျသည့် အကျိုးစီးပွားရယူလိုသူသည် ဗဟိုဘဏ်က သတ်မှတ်သည့် အတိုင်း အခြားအထောက်အထား၊ စာတမ်းအမှတ်အသားများ ပူးတွဲ၍ ဗဟိုဘဏ်သို့ လျှောက်ထားရ မည်။
(ခ) ဗဟိုဘဏ်သည် ပုဒ်မခွဲ (က) တွင် ပူးတွဲတင်ပြထားသည့် အထောက်အထားများနှင့် လျှောက်ထားသူ၏ နောက်ကြောင်းကို စစ်ဆေးပိုင်ခွင့်ရှိသည်။ ထပ်မံလိုအပ်သည့် စာတမ်းအမှတ်အသား များနှင့် သတင်းအချက်အလက်များကို တောင်းဆိုနိုင်သည်။
(ဂ) ဗဟိုဘဏ်သည် ပုဒ်မခွဲ(က)နှင့် (ခ) တို့အရ တင်သွင်းသည့် လျှောက်လွှာတွင် အောက်ပါအခြေအနေ တစ်ရပ်ရပ် သို့မဟုတ် တစ်ရပ်ထက်ပိုကြောင်း တွေ့ရှိပါက အတည်ပြုချက် ထုတ်ပေးခြင်းမပြုရန် ဆုံးဖြတ်နိုင်သည်-
(၁) လျှောက်ထားသူမှာ ပုဂ္ဂိုလ်ရေးအရ သင့်မြတ်လျော်ကန်သူ မဟုတ်ခြင်း၊
(၂) လျှောက်ထားသူသည် ဥပဒေအရဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ပါက ယင်း၏တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသည့် ဒါရိုက်တာများ သို့မဟုတ် အမှုဆောင်အရာရှိများမှာ သင့်မြတ်လျော်ကန်သူများ မဟုတ်ခြင်း၊
(၃) လျှောက်ထားသူသည် ဘဏ်အပေါ် သိသိသာသာ ဩဇာလွှမ်းမိုး၍ ဆောင်ရွက်ခြင်းကြောင့် ဘဏ်၏စီမံခန့်ခွဲမှုကို ထိခိုက်နိုင်ကြောင်း ဗဟိုဘဏ်က သိရှိထားခြင်း။
(ဃ) ဗဟိုဘဏ်သည် ပုဒ်မခွဲ (က) အရ လျှောက်ထားချက် တစ်ရပ်ရပ်ကို အတည်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုပိုင်ခွင့်ရှိသည်။