ပုဒ်မ ၂၇၇
ပုဒ်မ ၂၇၇
အများပြည်သူဆိုင်ရာ စိမ့်စမ်း သို့မဟုတ် ရေလှောင်ကန်မှရေကို ညစ်ညမ်းအောင်ပြုခြင်း

မည်သူမဆို အများပြည်သူဆိုင်ရာ စိမ့်စမ်းမှ သို့မဟုတ် ရေလှောင်ကန်မှရေကို သုံးစွဲနေကျ အခြေမှယုတ်လျော့အောင် မိမိအလိုအလျောက် ပျက်စီးစေလျှင် သို့မဟုတ် ညစ်ညမ်းစေလျှင် ထိုသူကို သုံးလထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်ငါးသောင်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် သမ္မာန်စာကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ.
  5. မည်သည့်  တရားသူကြီးမဆို စစ်ဆေးနိုင်သည်