ပုဒ်မ ၁၁၀
ပုဒ်မ ၁၁၀
ရန်ပုံငွေထူထောင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲသုံးစွဲခြင်း

အမျိုးသားကော်မတီသည်-

(က) ကလေးသူငယ်၏ အကောင်းဆုံးအကျိုးစီးပွားအတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေကို အောက်ပါ ရငွေများဖြင့် ထူထောင်နိုင်သည်-

(၁) ဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် နိုင်ငံတော်မှ ထည့်ဝင်သည့် မတည်ငွေနှင့် နှစ်စဉ်ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေဖြင့် ထောက်ပံ့ငွေ၊

(၂) ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ နှင့် ပြည်တွင်း၊ ပြည်ပမှစေတနာရှင်များ၏ လှူဒါန်းထောက်ပံ့ငွေများ၊

(၃) စုဆောင်းငွေမှ ရရှိသည့် အတိုးငွေများ။

(ခ) သင့်လျော်သော ပုဂ္ဂိုလ်များ ပါဝင်သည့် ရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်းပြီးထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်းပြုစေရမည်။

(ဂ) ရန်ပုံငွေထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စာရင်းပြုစုခြင်း၊ စစ်ဆေးခြင်းတို့နှင့်စပ်လျဉ်း၍ လိုအပ်သော ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ညှိနှိုင်း ရေးဆွဲ၍ ယင်းစည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျင့်သုံးဆောင်ရွက်ရမည်။ ပြည်ထောင်စုစာရင်းစစ်ချုပ်က တာဝန်ပေးသူ၏ စစ်ဆေးခြင်းကို ခံယူရမည်။